top of page
web title.jpg
MAMA art.jpg

PROLOGUE

ပိတ်မိနေတဲ့ အတွေးတွေ၊ စိုက်မရတဲ့အာရုံတွေ၊ ပြိုလဲသွားတဲ့အိပ်မက်တွေ၊ ပြန်တည်ဆောက်လို့မရတော့တဲ့ ယုံကြည်မှုတွေ အဲ့ဒီလို အားမရှိတော့တဲ့အတွေးတွေနဲ့ ခံစားချက်မဲ့ … အလုပ်လုပ်ချင်စိတ်မဲ့ … ဦးတည်ချက်မဲ့ …

 

ဒီကာလတွေမှာ ကျွန်တော့်အတွက်အခက်ခဲဆုံးက လူတွေနဲ့ ပုံမှန်လိုတွေ့ဆုံပြောဆိုဆက်ဆံရခြင်းပဲ။ 

 

အကျိုးအပြစ်သတ်မှတ်ချက်တွေ၊ လူဆိုးလူကောင်းသတ်မှတ်ချက်တွေ၊ ရိုးသားခြင်းနဲ့ဟန်ဆောင်ခြင်းတွေ ဘာတစ်ခုမှသုံးစားမရ၊ ဘယ်ဟာက အစစ်အမှန်လည်း ရုတ်တရက်မခွဲနိုင်တော့အောင် စောက်တုတွေနဲ့ပြည့်နေတဲ့ ချီး society ကိုလည်းစိတ်ကုန်တာပါတာပေါ့။ 

 

အဲ့တော့ ကိုယ့် circle လေးထဲကလွဲဘယ်သူနဲ့မှမတွေ့၊ ဘယ်သူဖိတ်ဖိတ်ဘယ်မှမသွား၊ မွေးနေ့ပွဲထက် အသုဘတွေဆီပဲပိုရောက်ဖြစ် အားလုံးကို ကရကဋ် ဆန်ဆန်ဖြတ်သန်းဖြစ်တဲ့ကာလတွေ

 

ပြီးတော့ ဝန်ခံရရင်ပျောက်ဆုံးနေတဲ့အရာတွေထဲ ကိုယ့်ကိုကိုယ် ယုံကြည်မှု၊ အကြည်ဓါတ် နဲ့ အလုပ်လုပ်ဖို့တွန်းအားတွေကထိပ်ဆုံးကပဲ။

သီချင်းအသစ်စရေးရင်စာသားတွေမထွက်လာတော့မှာကြိုကြောက်တယ် … လုပ်လက်စသီချင်းတွေ ဖျက်ပစ်တယ် … ကိုယ့်ကိုယ်ကိုပြိုင်ပြီး ကိုယ့်ကိုယ်ကိုပြန် တိတ်တိတ်လေးအရှုံးပေးနေခဲ့တာပေါ့။ 

 

အဲ့ဒီကာလထဲ ကျွန်တော့်အတွက် အလင်းတစ်စက်ဟာ “An Evening with Bunny” project ပဲ … debut (၁၀) နှစ်ပြည့်အတွက်ရည်ရွယ်ထားတဲ့အခွေဆိုတော့ထုတ်လိုက်တော့မယ်ဆိုပြီး သီချင်းအဟောင်းတွေပြန်ရှာတဲ့အချိန်ဟာ တစ်ဆက်တည်းမှာ ကျွန်တော့်ကိုယ်ကျွန်တော်ပြန်ရှာတွေ့ချင်းပဲ။ ဟိုးချာတိတ်ဘဝ သီချင်းစလုပ်တုန်းကလုပ်ခဲ့တဲ့ Rap တွေ Featured tracks တွေပြန်ဖွင့်နားထောင်ရတဲ့အချိန်ဟာ အဲ့အချိန်က energy တွေကိုပြန်မြင်တဲ့အချိန်ပဲ။ 

 

အခုဖြစ်နေတဲ့ energy down နေတဲ့ Bunny Phyoe နဲ့ဆန့်ကျင်ဘက်ပေါ့။ 

 

သီချင်းလုပ်ချင်တဲ့စိတ်က 24/7၊ studio ကိုဘော်ဒါ rapper တွေအုပ်လိုက်နဲ့လမ်းလျှောက်သွား တစ်နေကုန်နေ၊ ဘယ်ကောင်ဘာပြောပြောဂရုမစိုက်ဘူး၊ ဘယ်သူ့ကိုမှမယုတ်မာသရွေ့ ဘာကိုမှအားနာ ငဲ့ကွက်နေစရာမရှိဘူး၊ အတွေးတွေမများ၊ ဗာဟီရတွေမများပဲ အလုပ်လုပ်တဲ့ကောင် … ကျွန်တော်လိုနေတာ အဲ့ကောင်ပဲ

 

သီချင်းအသစ်မလုပ်နိုင်တဲ့ Bunny Phyoe ကိုမေ့လိုက်တော့၊ လုပ်နေလည်းမထူးပါဘူးကွာဆိုတဲ့အတွေးနဲ့ကောင်ကိုခေါက်ပစ်၊ စောက်ရေးမပါတဲ့လူတွေအပေါ်အားနာတွန့်ဆုတ်နေတဲ့ကောင်ကိုအနောက်မှာနေခိုင်းလိုက်စမ်းပါ … မြင်နေကျ Bunny Phyoe တံဆိပ်ကပ်ထားတာကိုခွါချလိုက် … အတွေးတွေက dark ဖြစ်ကောင်းဖြစ်လိမ့်မယ်၊ စာသားတွေလည်းရိုင်းချင်ရိုင်းလိမ့်မယ်၊ album တစ်ချပ်လုပ်တိုင်း ဒွိဟဖြစ်ရတိုင်း ပိုပြီး လက်တွေ့ကျမယ့်ဆုံးဖြတ်ချက်တွေနဲ့ပဲတစ်ဖက်ခြမ်းကိုဦးစားပေးခဲ့ရတာဟာဒီတစ်ခါတော့ အမှောင်ခြမ်းရောအလင်းကိုရောမြင်စေရမယ်…

 

ငါ့ကိုယ်ငါမောင်းနှင်ဖို့ လောင်စာ

 

ငါကိုယ်တိုင်ဖန်တီးထားတဲ့ငါ့ရဲ့အခြားတစ်ယောက်၊ ငါ့ရဲ့အတ္တခွဲ၊ ငါ့ရဲ့ Alter-ego နဲ့ ဒီအခွေမှာမိတ်ဆက်ပေးချင်ပါတယ် ...

F**k all the fake shit and let the game begin!

 

See you in December

Sign up to be the first to know when we go live.

Thanks for submitting!

  • Facebook
  • Twitter
  • YouTube
  • Instagram

©2023bunnyphyoe All Rights Reserved. An Official Website of Bunny Phyoe Powered by Alchemy Influence.

  • White Spotify Icon
  • White Apple Music Icon
  • White YouTube Icon
  • White Facebook Icon
  • White Instagram Icon
  • White Twitter Icon
bottom of page